အကူအညီပေးတဲ့နေရာမှာ အကူအညီလိုအပ်နေတဲ့သူတွေကိုယ်တိုင်က
ကိုယ့်ရဲ့လိုအပ်တာနဲ့ လိုချင်တာကို တခါတည်းခွဲခြားတတ်လာအောင်နဲ့
အကျိုးခ့စားခွင့်ရျိသူတွေအားလုံးက ပါဝင်နိုင်အောင်
ဆောင်ရွက်ပေးသင့်ပါတယ်...ဥပမာတခုပေးရရင် ကျိုးနေတဲ့သူအယောက် (၅၀)
ကိုချိုင်းတေထာက်သွားလှူတာကို ကန်းနေတဲ့သူတယောက်က
ချိုင်းထောက်လာတောင်းတယ်ဆိုပါတော့....လှူတဲ့သူက သေချာရှင်းပြနေပေမဲ့
ကန်းတဲ့သူကလဲအမှန်တကယ် ဒုတ်ခ ရောက်တာ သူလဲပါပါတယ်ဆိုတာမျိုးပေါ့။ တခါတလေမှ
လူတွေက အခွင့်အရေး Right တွေကိုပဲသတိရနေတတ်ပြီး ကိုယ်တိုင်ကကျတော့
Responsibility ဘာယူထားလဲဘာယူပေးနိုင်မလဲဆိုတာမေ့နေတတ်တယ်။
အခုတလောလှူကြတန်းကြတာတွေ အများကြီးတွေ့နေရလို့ ၀မ်းမြောက်ဝမ်းသာ
သာဓုခေါ်မိပါရဲ့။ ဒါပေမဲ့ ကျနော့်အမြင်အရ ကတော့ရေရှည်ကိုလည်း
စဉ်းစားကြစေချင်ပါတယ်။ လှူတဲ့သူက လှူမယ် ယူတဲ့သူက ယူမယ်..သုံးရင်ကုန်တယ်။
နောက်တခါထပ်လှု..ဒါနဲ့သံသရာလည်နေတာပဲ။ ဥပမာ...ဟိုတလောတုန်းက ကျနော်တိုက
ကြုံခဲ့ရတဲ့ water Shortage လိုပေါ့...ရေဝေတာထက်ကောင်းတာ အခုအချိန်
ရေတွင်းတွေများရှိနေရင်ပိုကောင်းတာပေါ့...ယာယိပြသနာကို ချက်ခြင်း
ဖြေရှင်းတာ က မြင်သာပေမဲ့ နောင်ဒိထက်ဆိုးတာတွေ့ရင်
ဘယ်လိုကိုင်တွယ်ကြမလဲ.....အဓိကဖြစ်ရတဲ့ အရင်းအမြစ် Rood Cause ကိုမဖြတ်ရင်
Problem ကရှိမြဲပါ....ဒါလေးကို share လုပ်ချင်တာပါ....ကျေးဇူးတင်ပါတယ်။
You need to be a member of ACTIVISTA to add comments!
Join ACTIVISTA